Friday, 21 April 2017 19:47

စစ်တွေမြို့နယ်၌ စိတ်ကြွ ဆေးပြား သုံးထောင်ကျော် ဖမ်းဆီး ရမိ

Written by 
Rate this item
(0 votes)

နေပြည်တော်   ဧပြီ   ၂ဝ

စစ်တွေမြို့နယ် အင်ပါရီကျေးရွာရှိ နေအိမ်မှ သိန်း ၉ဝ ကျော် တန်ဖိုးရှိစိတ်ကြွ ဆေးပြားသုံးထောင်ကျော်ကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၉ ရက် ညနေပိုင်းက စစ်တွေမြို့နယ် အတွင်းရှိ အင်ပါရီ ကျေးရွာနေ မဇူဘေ ဒါဘေဂေါင် ၂၂ နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ တန်ဖိုးငွေကျပ် ၉၆၆ဝဝဝဝ ရှိ စိတ်ကြွ ဆေးပြား ၃၂၂ဝ နှင့်အတူ မဇူဘေ ဒါဘေဂေါင်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ သို့ပါ၍  ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

Read 18 times Last modified on Friday, 21 April 2017 19:50