Friday, 21 April 2017 19:44

သဝန်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဓားပြမှုနှင့် ပတ်သက်သည့် မသင်္ကာသူ ခုနစ်ဦးအား ဖမ်းဆီး ထိန်းသိမ်း

Written by 
Rate this item
(0 votes)

နေပြည်တော်     ဧပြီ     ၂ဝ

မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာတွင် ဧပြီ ၁၇ ရက်က ဖြစ်ပွားခဲ့သော ဓားပြမှုနှင့်ပတ်သက်သည့် မသင်္ကာ သူခုနစ်ဦးအား ယမန်နေ့ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာအတွင်းသို့ ဧပြီ ၁၇ ရက်က အဒူရာဟိန်ဟု ယူဆရသူအပါအဝင် လူလေးဦး ပါ ဓားပြအဖွဲ့ဝင်ရောက်ခဲ့ပြီး ၎င်းအဖွဲ့၏ သေနတ်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်ပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ဧပြီ ၁၉ ရက် ညနေ ၄ နာရီခန့်က မောင်တောမြို့နယ် အင်းဒင် အနောက်ရွာ(ခ) ထုန်ဆင်းကျေးရွာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး မသင်္ကာသူများဖြစ်ကြသည့် နိုရိုဆလမ် ၂၄ နှစ်၊ ဆီရာဆူ ၁၅ နှစ်၊ ရော်ဖီအူလာ ၁၃ နှစ်၊ ရော်ဘီ ၂၇ နှစ်၊ မာမောက်အီစွပ် ၄၅ နှစ်၊ ခိုက်ရိုဆလင် ၂ဝ နှစ်နှင့် နိုရိုလာမိန် ၂၆ နှစ်တို့အား ဖမ်းဆီးထိန်းသိမ်း၍ တရားဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ပဏာမစစ်ဆေးလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

Read 25 times Last modified on Friday, 21 April 2017 19:46